မြို့ပြဆင်းရဲမွဲတေမှုကို လျော့ပါးရေး နှင့် ကြံ့ခိုင်သော ရပ်ရွာလူထု တည်ဆောက်ရေးအတွက် ကုလသမဂ္ဂ၏ ပရောဂျက်အသစ်
ရန်ကုန်၊ ဇွန်လ (၁၃) ရက်၊ ၂၀၂၃ ခုနှစ် – UNDP၊ UN Women နှင့် UN-Habitat တို့ ပူးပေါင်း၍ မြို့ပြဆင်းရဲနွမ်းပါးမှုဆိုင်ရာ သုတေသနအချက်အလက်များ နှင့် ဝင်ငွေနိမ့်ပါးသော မြို့ပြရပ်ရွာလူထုနေ လူ့အဖွဲ့အစည်းများ ကြံ့ကြံ့ခံနိုင်ရည်ရှိရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းအသစ် မိတ်ဆက်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများ၊ NGO များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ်များ သည် လူကိုယ်တိုင် နှင့် အွန်လိုင်း တို့မှ တဆင့် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံ ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်အာဏာယူမှုကြောင့်ဖြစ်ပေါ်လာသော ...
read more »