The United Nations in Myanmar expresses strong concern at reports of use of force by security forces in response to demonstrations (Scroll down for Myanmar version)
Yangon – The United Nations in Myanmar has expressed strong concern by today’s reported use of force by security forces against demonstrators.
According to reports from Nay Pyi Taw, Mandalay, and other cities, numerous demonstrators have been injured, some of them seriously, by security forces in connection with the current protests across the country.
“I call on the Security Forces to respect human rights and fundamental freedoms, including the right to peaceful assembly and freedom of expression,” Ola Almgren, the UN Resident Coordinator and Humanitarian Coordinator in Myanmar said. “The use of disproportionate force against demonstrators is unacceptable.”
He went on to reiterate the words of the United Nations Secretary-General urging the military leadership to respect the will of the people of Myanmar and adhere to democratic norms, with any differences to be resolved through peaceful dialogue.
For more information, please contact
David Swanson Regional Public Information Officer UN Development Coordination Office (UNDCO) • Asia-Pacific United Nations Building 15th Floor Block B
Rajdamnern Nok Avenue • Bangkok • 10200 Thailand M +66 6 5982 5682 • swanson@un.org
ဆန္ဒပြတောင်းဆိုမှုများအား လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံးတုန့်ပြန်ကြောင်း ကြားသိရမှုအပေါ် များစွာစိုးရိမ် မကင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှိကုလသမဂ္ဂအဖွဲ့အစည်းများက ဖော်ပြ။
ရန်ကုန်မြို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်။
ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြတောင်းဆိုသူများကို အင်အားသုံးတုန့်ပြန်ခဲ့ကြောင်း သတင်းများအပေါ် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများက လွန်စွာစိုးရိမ်မိကြောင်းဖော်ပြသည်။
မြန်မာနိုင်ငံတစ်ဝှမ်း လက်တလောဖြစ်ပွားလျက်ရှိသော ဆန္ဒပြပွဲများနှင့် စပ်လျဥ်း၍ နေပြည်တော်၊ မန္တလေး၊ နှင့် အခြားသောမြို့ကြီးများမှ ရရှိသော သတင်းများအရ ဆန္ဒပြသူ အများအပြား လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး အချို့မှာ စိုးရိမ်ဖွယ်ရာထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren ကပြောကြားရာတွင် “လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်လွတ်လပ်စွာ ဖော်ထုတ်ခွင့်များအပါအဝင် အခြေခံ လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို လေးစားရန်တောင်းဆိုသည်။ ဆန္ဒပြသူများအပေါ် မမျှတသောအင်အား အသုံးပြုခြင်းကို လက်မခံနိုင်ပါ။”
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောကြားချက်ဖြစ်သည့် စစ်ဘက်ခေါင်းဆောင်များက မြန်မာပြည်သူပြည်သားများ၏ ဆန္ဒသဘောထားကို လေးစားရန်နှင့် ဒီမိုကရေစီစံနှုန်းများကို လေးစားလိုက်နာရန်၊ မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းသော နည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းလိုက်ကြောင်းကို Mr. Almgren က ထပ်လောင်းပြောကြားခဲ့သည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
David Swanson Regional Public Information Officer UN Development Coordination Office (UNDCO) • Asia-Pacific United Nations Building 15th Floor Block B
Rajdamnern Nok Avenue • Bangkok • 10200 Thailand M +66 6 5982 5682 • swanson@un.org